GXU က ၂၀၂၆ ခုနှစ် “Chinese Culture Paradise–London” အစီအစဉ်ကို လက်ခံကျင်းပ

    ၂၀၂၆ ခုနှစ် Chinese Culture Paradise–London အစီအစဉ်ကို ဩဂုတ်လ ၁၇ ရက်နေ့တွင် London Mandarin School ၌ တရားဝင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါအစီအစဉ်ကို ကွမ်ရှီးတက္ကသိုလ် (GXU) က လက်ခံကျင်းပပြီး UK-China Culture Arts Exchange Centre က စီစဉ်ကျင်းပခြင်းဖြစ်သည်။

    ဖွင့်ပွဲအခမ်းအနားတွင် GXU မှ ဆရာ၊ ဆရာမများက “Strength in Suppleness” အမည်ရှိ ကိုယ်ခံပညာသရုပ်ပြမှု၊ “The Spirit of Quan” အမည်ရှိ လက်ဝှေ့သိုင်းပြသမှု၊ တေးသီချင်း “The Moon Emerges with the Mountain Song”၊ စိတ်လှုပ်ရှားဖွယ် မွန်ဂိုလီးယား တူချောင်းအက (Mongolian Chopstick Dance)၊ နားဆင်ဖွယ် တူရိယာတေးဂီတ “Deep in the Bamboo Forest” အပြင် တရုတ်ပန်းချီနှင့် လက်ရေးလှပညာတို့ကိုလည်း တိုက်ရိုက်သရုပ်ပြခဲ့ကြသည်။ ဘာသာရပ်မျိုးစုံ ပေါင်းစပ်ထားသည့် အဆိုပါအစီအစဉ်များမှတစ်ဆင့် တက်ရောက်လာသူများအား တရုတ်ယဉ်ကျေးမှုနှင့် အနုပညာ၏ အနှစ်သာရကို ကိုယ်တိုင်ခံစားနိုင်သည့် အတွေ့အကြုံ ပေးစွမ်းခဲ့သည်။

    UK-China Culture Arts Exchange Centre ၏ ဒါရိုက်တာ Mao Zhizheng က ဖွင့်ပွဲမိန့်ခွန်းတွင် “သစ်ပင်တစ်ပင် မည်မျှမြင့်မားစွာ ကြီးထွားလာပါစေ မိမိ၏အမြစ်ကို မမေ့သကဲ့သို့၊ ရေသည် မည်မျှဝေးဝေး စီးဆင်းသွားပါစေ မိမိ၏အရင်းအမြစ်ကို မမေ့” ဟူသော အဓိပ္ပာယ်ဖြင့် ပြောကြားခဲ့သည်။ ပြည်ပနိုင်ငံများတွင် နေထိုင်ကြသည့် တရုတ်လူမျိုးများသည် မိခင်မြေမှ ဝေးကွာနေကြသော်လည်း တရုတ်ယဉ်ကျေးမှု၏ အမွေအနှစ်များသည် ၎င်းတို့၏ သွေးသားအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ပါဝင်သူများအနေဖြင့် အပြန်အလှန်ဆက်ဆံမှုများမှတစ်ဆင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၏ နှလုံးခုန်သံကို ခံစားသိရှိပြီး ဖလှယ်မှုများမှတစ်ဆင့် ယင်းယဉ်ကျေးမှု၏ စိတ်ဓာတ်နှင့် ထပ်တူကျနိုင်ကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    GXU School of Arts ၏ ဌာနမှူး Hu Hongyi က ဆရာ၊ ဆရာမအဖွဲ့ကိုယ်စား ပြောကြားရာတွင် တရုတ်ယဉ်ကျေးမှုသည် ပြတိုက်များအတွင်း သိမ်းဆည်းထားသည့် ရှေးဟောင်းအမွေအနှစ်တစ်ခုမျှသာမဟုတ်ဘဲ နေ့စဉ်ဘဝအတွင်း စီးဆင်းရှင်သန်နေသည့် လူနေမှုပုံစံတစ်ရပ်နှင့် တရုတ်လူမျိုးတို့၏ စိတ်ဝိညာဉ်အတွင်း ထွင်းထုထားသည့် ဉာဏ်ပညာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပါဝင်သူများအနေဖြင့် ယခုအခွင့်အရေးကို အကျိုးရှိစွာ အသုံးချပြီး ယဉ်ကျေးမှု၏ အပေါ်ယံအသွင်အပြင်ကိုသာ “ကြည့်ရှုခြင်း” မဟုတ်ဘဲ ၎င်း၏ အနှစ်သာရကို “နားလည်ခြင်း”၊ ရိုးရာကျွမ်းကျင်မှုများကိုသာ “သင်ယူခြင်း” မဟုတ်ဘဲ တရုတ်လူမျိုးတို့၏ စိတ်ဓာတ်ကို “ဆက်လက်ဖော်ဆောင်ခြင်း” ပြုကြရန် တိုက်တွန်းခဲ့သည်။

    ဆယ်ရက်ကျော်ကြာ ကျင်းပမည့် အဆိုပါအစီအစဉ်ကာလအတွင်း GXU မှ ဆရာ၊ ဆရာမအဖွဲ့သည် လန်ဒန်ဒေသရှိ ပြည်ပရောက် တရုတ်လူမျိုး လူငယ်များ အတွက် လူမျိုးစုရိုးရာအက၊ ရိုးရာတေးဂီတ၊ တရုတ်ရိုးရာကိုယ်ခံပညာ၊ တရုတ်ပန်းချီ၊ ကဗျာ၊ လက်ရေးလှ၊ လက်လုပ်ပန်းချည်ဘောလုံး (embroidered balls) နှင့် ကြွေပန်းချီ စသည့် ကိုယ်တိုင်ပါဝင်လေ့လာနိုင်သည့် စိတ်ဝင်စားဖွယ် သင်တန်းများနှင့် လက်တွေ့အတွေ့အကြုံများ ကို ပေးအပ်သွားမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် လူငယ်များအား တရုတ်ယဉ်ကျေးမှု၏ အစဉ်အမြဲတည်တံ့နေသော ဆွဲဆောင်မှုကို ရှာဖွေတွေ့ရှိပြီး နားလည်ခံစားနိုင်ရန် အထောက်အကူပြုသွားမည်ဖြစ်သည်။